Boys Over Flowers: Hana Yori Dango (2005) 9 Complete

Boys Over Flowers: Hana Yori Dango (2005) Complete
HD 720p
F4 ခ်စ္သူ (ျမန္မာစာတန္းထိုး) စ/ဆံုး
Complete

Genre: Comedy; Drama; Romance; School; Youth

Casts:Inoue Mao,Matsumoto Jun,Oguri Shun, Matsuda Shota,Abe Tsuyoshi

🌸 Review

Eitoku Gakuen ဆိုတဲ့ ကျောင်းဟာ
ဂျပန်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့လူတွေရဲ့
သားသမီးတွေသာတက်ခွင့်ရတဲ့ကျောင်းပါ
အဲ့ဒီကျောင်းကို Makino Tsukushi ဆိုတဲ့သာမာန်
အရပ်သူလေးဟာ အထူးအခွင့်အရေးနဲ့ရောက်လာခဲ့ပါတယ်
အဲ့ကျောင်းမှာ F4 ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့အဖွဲ့တစ်ခုကကြီးစိုးနေပါတယ်
အဲ့ဒီအဖွဲ့ရဲ့ Leader ကတော့့ ကမ္ဘာကျော်Domyoji World Finance Group လုပ်ငန်းစု ရဲ့ သားငယ် ကျောင်းရဲ့အာဏာရှင်Domyoji Tsukasaဖြစ်ပြီး
အဖွဲ့ဝင်များကတော့ ကော်ပိုရေးရှင်းအကြီးစား
ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌရဲ့သားHanazawa Rui ဂျပန်လ္ဘက်ရည်အခမ်းအနားကျောင်းနဲ့လုပ်ငန်းကိုအမွေဆက်ခံမယ့်သူ Nishikado Sojiro နဲ့ Madam Killer
မြေအောက်လောကရဲ့ဂိုဏ်းချုပ်သား
Mimasaka Akira တို့ဘဲဖြစ်ပါတယ်
သူတို့လေးယောက်ဖွဲ့ထားတဲ့ F4 အဖွဲ့နဲ့ ကိစ္စ တစ်ခုခု
ငြိစွန်းခဲ့လို့ သူတို့တွေကမကျေနပ်ရင်
သူတို့မကျေနပ်တဲ့သူအပေါ်အနီရောင်စာရွက်
တစ်ခုနဲ့Warning အဖြစ်ကြေငြာပြီးဝိုင်းအနိုင်ကျင့်ကြပါတယ်
မခံနိုင်တဲ့အဆုံးကျောင်းကထွက်ရပါတယ်
အဲ့ဒီလုပ်ရပ်အပေါ်မှာလည်းတခြားကျောင်းသားတွေက
တားဆီးခွင့်မရှိကြပါဘူး
သူတို့ရဲ့အလှူငွေတွေနဲ့ရပ်တည်နေတဲ့ကျောင်းဖြစ်တဲ့အတွက်
ဆရာတွေကပါသူတို့ကိုမတော်လှန်ရဲပါဘူး
ဒီလိုနဲ့တစ်ရက်မှာ Makino Tsukushi ဆီ
အဲ့ဒီအနီရောင်စာရွက်ဟာရောက်ရှိလာပါတော့တယ်
အနီရောင်စာရွက်ရဲ့အစဉ်အလာကိုမသိတဲ့သူမဟာ
သူမကိုဝိုင်းအနိုင်ကျင့်ကြတဲ့အပေါ်
အံတုပြီး ကျောင်းကမထွက်ရအောင်ရင်ဆိုင်ပါတယ်
အဲ့ဒီအစဉ်အလာကိုဖန်တီးတဲ့ F4ကိုစိန်ခေါ်ခဲ့တယ်
သူမကို အမျိုးမျိုးအနိုင်ကျင့်ကြပေမယ့်သူမဟာမမှုဘဲ
F4ရဲ့ Leader ကို ဒေါသထွက်ထွက်နဲ့ လက်သီးနဲ့ထိုးပြီး
ကန်ထည့်လိုက်တဲ့အခါမှာတော့
သူများနဲ့မတူတဲ့သူမကို Domyoji က စိတ်ဝင်စားသွားခဲ့ပါတယ်
အဲ့ဒီလိုနဲ့နီးစပ်ဖို့အခွင့်အရေးတွေဖန်တီးခဲ့ပေမယ့်
Domyoji ရဲ့ လူချမ်းသာအတ္တကိုမကြိုက်ခဲ့ဘဲ
Makino က သူမအပေါ် ကြင်နာတဲ့
Rui ကို ကြိုက်တဲ့အခါDomyoji ကသဝန်တိုမှုတွေဖြစ်လာပြီး
သူမကိုတကယ်ချစ်မိသွားပါတယ်
သူတို့နှစ်ဦးပွင့်ပွင့်လင်းလင်းချစ်ကြတဲ့အခါမှာတော့
အဆင့်အတန်းချင်းမတူတဲ့အတွက်
Domyoji အမေကသဘောမတူဘဲ
Makinoကို နှိပ်စက်မယ့်ပြသာနာတွေဖြစ်လာပါတယ်
Domyoji နဲ့စေ့စပ်ထားတဲ့မိန်းကလေးလည်းပေါ်လာပြီး
နှစ်ဦးသားချစ်ကြပေမယ့်ဝမ်းနည်းရမယ့်
အချိန်တွေအများကြီးရင်ဆိုင်လာရပါတယ်
ဒါပေမယ့် ဘာအခက်အခဲဘဲရှိရှိ F4အဖွဲ့ဝင်တွေက
ကူညီခဲ့ပြီး နောက်ဆုံးမှာ
Domyojiနဲ့ Makino တို့ရဲ့အချစ်ကို
အလျော့ပေးပြီးသဘောတူလိုက်ပါတယ်....

Post a Comment