Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Complete
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Complete
Review:
ေျခာက္ေျခာက္ျခားျခားတီဗီဇာတ္လမ္းတြဲၾကိဳက္တဲ့သူေတြအတြက္ American Horror Story ကရင္းႏွီးျပီးသား အမွတ္တံဆိပ္တခုပါ။
Season 1: Murder House ကေနစတင္လိုက္တဲ့ FX Channel ရဲ႕ AHS တီဗီဇာတ္လမ္းတြဲဟာ အခုဆိုရင္ Season 9 အထိရိုက္ရတဲ့အထိကိုပရိသတ္အားေပးမႈရခဲ့ပါတယ္။ AHS ရဲ႕တင္ဆက္ပံုကလည္း တျခားတီဗီဇာတ္လမ္းတြဲေတြနဲ႔မတူဘဲဲ ကြဲထြက္ေနတယ္။ ဇာတ္လမ္းတြဲတခုနဲ႔တခုတိုက္ရိုက္အဆက္အစပ္ မရွိေပမယ့္ Season 8: Apocalypse မွာေတာ့ Season 1, 3, 5 ေတြနဲ႔ျပန္လည္ခ်ိတ္ဆက္ထားတာကို ေတြ႔ရပါတယ္။ ဇာတ္လမ္းတြဲမွာပင္တုိင္ပါ၀င္တဲ့သရုပ္ေဆာင္ေတြက ဇာတ္ေကာင္တခုထက္ပိုျပီး သရုပ္ေဆာင္ေလ့ရွိတယ္။
အခုထုတ္လႊင့္ေနတဲ့ AHS: 1984 မွာေတာ့ ၁၉၈၀ခုႏွစ္ေတြတုန္းကေဟာလိ၀ုဒ္မွာေခတ္စားခဲ့တဲ့ စိတၱဇလူသတ္သမားရုပ္ရွင္ေတြအတုိင္းရိုက္ကူးထားတယ္။ ျပီးေတာ့ ေအရိုးဗစ္ကစားျခင္း၊ ေႏြရာသီေက်ာင္းပိတ္ရက္ summer camp ေတြမွာသြားေနျပီးအေပ်ာ္ရွာျခင္း စတဲ့အေမရိကန္လူေနမႈစနစ္ေတြ ကိုလည္းထည့္သြင္းထားပါတယ္။
ဒီဇာတ္လမ္းတြဲမွာထူးျခားတာက Season 1 ကတည္းကပါလာခဲ့တဲ့ Sarah Poulson နဲ႔ Evan Peters တို႔မပါလာေတာ့တာပဲဗ်။ လူေဟာင္းေတြထဲက Emma Roberts ျပန္ပါတယ္။ ျပီးေတာ့ Season 8 က Cody Fern, Billie Lourd, Leslie Grossman တို႔ျပန္ပါလာတာကိုေတြ႔ရပါတယ္။ Roberts ကအရင္ဇာတ္လမ္းတြဲေတြမွာျမင္ေနက် အက်င့္မေကာင္း၊ တကိုယ္ေကာင္းဆန္တဲ့ဇာတ္ရုပ္မ်ိဳးမဟုတ္ေတာ့ဘဲ အရွက္အေၾကာက္ၾကီးတဲ့ခပ္ေအးေအးမိန္းကေလးအျဖစ္ပါ၀င္ထားတယ္။ ဇာတ္ေကာင္အသစ္အျဖစ္ Glee ဇာတ္လမ္းတြဲကေနတဆင့္နာမည္ၾကီးလာတဲ့ Matthew Morrison ပါလာပါတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ကအစုလိုက္အျပံဳလိုက္လူသတ္မႈျဖစ္ထားတဲ့ Camp Redwood မွာဆယ္ေက်ာ္သက္လူငယ္တစုေစတနာ့၀န္ထမ္းသြားလုပ္ၾကတယ္။ သူတို႔တေယာက္ခ်င္းစီမွာ ေႏြရာသီကို Los Angeles မွာမေနခ်င္ရတဲ့အေၾကာင္းျပခ်က္အသီးသီးရွိၾကပါတယ္။ Camp ပိုင္ရွင္ Margaret လူသတ္မႈမွာမေသဘဲက်န္ခဲ့တဲ့တဦးတည္းေသာသူျဖစ္ပါတယ္။ ဘာသာေရးအလြန္ကိုင္းရႈိင္းတဲ့ Margaret ဟာ လူသတ္မႈျပီးကတည္းကခ်ိတ္ပိတ္ထားတဲ့ Camp Redwood ကို၀ယ္ယူျပီး summer camp ျပန္ဖြင့္ရင္း ကေလးငယ္ေတြကိုဘာသာေရးသင္တန္းေတြေပးဖို႔ရည္ရြယ္ထားသူပါ။ အဲ့ဒီအခ်ိန္မွာပဲ လူသတ္မႈေတြရဲ႕တရားခံ Mr. Jingles ကစိတၱဇေဆးရံုကေနလြတ္ေျမာက္လာျပီး တရားရံုးမွာသူ႔ကိုလူသတ္သမားျဖစ္ေၾကာင္း သတ္ေသခံခဲ့တဲ့ Margaret ကိုလက္စားေခ်သတ္ျဖတ္ဖို႔ Camp Redwood ဆီဦးတည္သြားပါေတာ့တယ္။
အခုအခ်ိန္ထိ အပိုင္း ၅ပိုင္းထုတ္လႊင့္ျပီးျဖစ္လို႔ spoiler ေရွာင္တဲ့အေနနဲ႔ဇာတ္လမ္းအက်ဥ္းကိုသာ ေဖာ္ျပထားပါတယ္။ အဓိကေမးခြန္းကေတာ့ လူေတြရာဇ၀တ္ေကာင္ျဖစ္လာတာဟာ ေမြးကတည္းကသေႏၶဆိုးပါလို႔လား၊ ပတ္၀န္းက်င္အေျခအေနရဲ႕ေျပာင္းလဲေပးမႈေတြေၾကာင့္လားဆိုတာပါပဲ။
ေျမာက္အေမရိကမွာ ၁၉၈၀ တ၀ိုက္ကကြင္းဆက္လူသတ္သမားအေနရအတြက္ သိသိသာသာတိုးလာတာကိုေတြ႔ခဲ့ရတယ္။ တခ်ိဳ႕ပညာရွင္ေတြကဒါဟာကမာၻစစ္ၾကီး ၂ခုနဲ႔ ဗီယက္နမ္စစ္ပြဲတုိ႔ရဲ႕သက္ေရာက္မႈေတြေၾကာင့္လို႔ေျပာၾကတယ္။ စစ္ျပန္အမ်ိဳးသားေတြအေနနဲ႔ စစ္အတြင္းမွာၾကံဳခဲ့ရတဲ့လူသတ္မႈ အၾကမ္းဖက္မႈေတြေၾကာင့္ စိတ္ၾကမ္းလူၾကမ္းျဖစ္လာၾကသလို တခ်ိဳ႕ကလည္းစိတ္ေနာက္သြားၾကတယ္။ သူတို႔နဲ႔နီးနီးကပ္ကပ္ေနထုိင္တဲ့ သားေတြ၊ ညီေတြကလည္း တံငါနားနီးတံငါဆိုသလို စိတ္ေနစိတ္ထားေတြၾကမ္းတမ္းလာတာေၾကာင့္ အရြယ္ေရာက္လာတဲ့အခါ စိတၱဇလူသတ္ေကာင္ေတြျဖစ္လာၾကတယ္လို႔ ပညာရွင္တခ်ိဳ႕ကေတြးတယ္။ အိမ္ရာေျပာင္းေရႊ႕မႈမ်ားလြန္းတဲ့အတြက္ နယ္ေျမအသစ္မွာမိမိအိမ္နီးခ်င္းေတြအေၾကာင္းသိပ္မသိၾကေတာ့ လူသတ္ေကာင္ေတြအတြက္အလြယ္တကူအခြင့္အေရးရတာေၾကာင့္လို႔ဆိုသူေတြကဆိုပါတယ္။
၁၉၈၀-၉၀အတြင္း အေမရိကမွာလိင္တူခ်စ္သူေတြကိုသတ္ျဖတ္ျပီး အသားစားေလ့ရွိတဲ့ Jeffrey Dahmer (Cannibal Killer)၊ ၁၉၈၄-၈၅အတြင္း လူ ၁၄ေယာက္သတ္ခဲ့တဲ့ Richard Ramirez (Night Stalker)၊ ၁၉၈၂-၈၄အတြင္း ႏိုင္ငံအႏွ႔ံခရီးသြားျပီး လူ ၂၀ေက်ာ္သတ္ခဲ့တဲ့ Larry Eyler (Interstate Killer) တို႔လိုထင္ရွားတဲ့ စိတၱဇလူသတ္ေကာင္ေတြေပၚထြက္ခဲ့တယ္။ AHS ဟာ အျပင္မွာတကယ္ရွိခဲ့တဲ့နာမည္ေက်ာ္ပုဂၢိဳလ္ေတြကို ဇာတ္ေကာင္အျဖစ္ထည့္သြင္းရိုက္ကူးေလ့ရွိတာမို႔ 1984 မွာ Richard Ramirez ဇာတ္ေကာင္ပါ၀င္လာပါတယ္။
AHS ရဲ႕ရိုးရာအတိုင္း ထင္မထားတဲ့ဇာတ္လွည့္ကြက္ေတြ၊ ေသြးသံရဲရဲသတ္ျဖတ္မႈေတြ၊ လိင္အေပ်ာ္ၾကဴးျခင္း၊ ကလဲ့စားေခ်ျခင္းေတြကိုလည္းၾကည့္ရဦးမွာပါ။
Unicode
ခြောက်ခြောက်ခြားခြားတီဗီဇာတ်လမ်းတွဲကြိုက်တဲ့သူတွေအတွက် American Horror Story ကရင်းနှီးပြီးသား အမှတ်တံဆိပ်တခုပါ။
Season 1: Murder House ကနေစတင်လိုက်တဲ့ FX Channel ရဲ့ AHS တီဗီဇာတ်လမ်းတွဲဟာ အခုဆိုရင် Season 9 အထိရိုက်ရတဲ့အထိကိုပရိသတ်အားပေးမှုရခဲ့ပါတယ်။ AHS ရဲ့တင်ဆက်ပုံကလည်း တခြားတီဗီဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကွဲထွက်နေတယ်။ ဇာတ်လမ်းတွဲတခုနဲ့တခုတိုက်ရိုက်အဆက်အစပ် မရှိပေမယ့် Season 8: Apocalypse မှာတော့ Season 1, 3, 5 တွေနဲ့ပြန်လည်ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။ ဇာတ်လမ်းတွဲမှာပင်တိုင်ပါဝင်တဲ့သရုပ်ဆောင်တွေက ဇာတ်ကောင်တခုထက်ပိုပြီး သရုပ်ဆောင်လေ့ရှိတယ်။
အခုထုတ်လွှင့်နေတဲ့ AHS: 1984 မှာတော့ ၁၉၈၀ခုနှစ်တွေတုန်းကဟောလိဝုဒ်မှာခေတ်စားခဲ့တဲ့ စိတ္တဇလူသတ်သမားရုပ်ရှင်တွေအတိုင်းရိုက်ကူးထားတယ်။ ပြီးတော့ အေရိုးဗစ်ကစားခြင်း၊ နွေရာသီကျောင်းပိတ်ရက် summer camp တွေမှာသွားနေပြီးအပျော်ရှာခြင်း စတဲ့အမေရိကန်လူနေမှုစနစ်တွေ ကိုလည်းထည့်သွင်းထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာထူးခြားတာက Season 1 ကတည်းကပါလာခဲ့တဲ့ Sarah Poulson နဲ့ Evan Peters တို့မပါလာတော့တာပဲဗျ။ လူဟောင်းတွေထဲက Emma Roberts ပြန်ပါတယ်။ ပြီးတော့ Season 8 က Cody Fern, Billie Lourd, Leslie Grossman တို့ပြန်ပါလာတာကိုတွေ့ရပါတယ်။ Roberts ကအရင်ဇာတ်လမ်းတွဲတွေမှာမြင်နေကျ အကျင့်မကောင်း၊ တကိုယ်ကောင်းဆန်တဲ့ဇာတ်ရုပ်မျိုးမဟုတ်တော့ဘဲ အရှက်အကြောက်ကြီးတဲ့ခပ်အေးအေးမိန်းကလေးအဖြစ်ပါဝင်ထားတယ်။ ဇာတ်ကောင်အသစ်အဖြစ် Glee ဇာတ်လမ်းတွဲကနေတဆင့်နာမည်ကြီးလာတဲ့ Matthew Morrison ပါလာပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကအစုလိုက်အပြုံလိုက်လူသတ်မှုဖြစ်ထားတဲ့ Camp Redwood မှာဆယ်ကျော်သက်လူငယ်တစုစေတနာ့ဝန်ထမ်းသွားလုပ်ကြတယ်။ သူတို့တယောက်ချင်းစီမှာ နွေရာသီကို Los Angeles မှာမနေချင်ရတဲ့အကြောင်းပြချက်အသီးသီးရှိကြပါတယ်။ Camp ပိုင်ရှင် Margaret လူသတ်မှုမှာမသေဘဲကျန်ခဲ့တဲ့တဦးတည်းသောသူဖြစ်ပါတယ်။ ဘာသာရေးအလွန်ကိုင်းရှိုင်းတဲ့ Margaret ဟာ လူသတ်မှုပြီးကတည်းကချိတ်ပိတ်ထားတဲ့ Camp Redwood ကိုဝယ်ယူပြီး summer camp ပြန်ဖွင့်ရင်း ကလေးငယ်တွေကိုဘာသာရေးသင်တန်းတွေပေးဖို့ရည်ရွယ်ထားသူပါ။ အဲ့ဒီအချိန်မှာပဲ လူသတ်မှုတွေရဲ့တရားခံ Mr. Jingles ကစိတ္တဇဆေးရုံကနေလွတ်မြောက်လာပြီး တရားရုံးမှာသူ့ကိုလူသတ်သမားဖြစ်ကြောင်း သတ်သေခံခဲ့တဲ့ Margaret ကိုလက်စားချေသတ်ဖြတ်ဖို့ Camp Redwood ဆီဦးတည်သွားပါတော့တယ်။
အခုအချိန်ထိ အပိုင်း ၅ပိုင်းထုတ်လွှင့်ပြီးဖြစ်လို့ spoiler ရှောင်တဲ့အနေနဲ့ဇာတ်လမ်းအကျဉ်းကိုသာ ဖော်ပြထားပါတယ်။ အဓိကမေးခွန်းကတော့ လူတွေရာဇဝတ်ကောင်ဖြစ်လာတာဟာ မွေးကတည်းကသန္ဓေဆိုးပါလို့လား၊ ပတ်ဝန်းကျင်အခြေအနေရဲ့ပြောင်းလဲပေးမှုတွေကြောင့်လားဆိုတာပါပဲ။
မြောက်အမေရိကမှာ ၁၉၈၀ တဝိုက်ကကွင်းဆက်လူသတ်သမားအနေရအတွက် သိသိသာသာတိုးလာတာကိုတွေ့ခဲ့ရတယ်။ တချို့ပညာရှင်တွေကဒါဟာကမ္ဘာစစ်ကြီး ၂ခုနဲ့ ဗီယက်နမ်စစ်ပွဲတို့ရဲ့သက်ရောက်မှုတွေကြောင့်လို့ပြောကြတယ်။ စစ်ပြန်အမျိုးသားတွေအနေနဲ့ စစ်အတွင်းမှာကြုံခဲ့ရတဲ့လူသတ်မှု အကြမ်းဖက်မှုတွေကြောင့် စိတ်ကြမ်းလူကြမ်းဖြစ်လာကြသလို တချို့ကလည်းစိတ်နောက်သွားကြတယ်။ သူတို့နဲ့နီးနီးကပ်ကပ်နေထိုင်တဲ့ သားတွေ၊ ညီတွေကလည်း တံငါနားနီးတံငါဆိုသလို စိတ်နေစိတ်ထားတွေကြမ်းတမ်းလာတာကြောင့် အရွယ်ရောက်လာတဲ့အခါ စိတ္တဇလူသတ်ကောင်တွေဖြစ်လာကြတယ်လို့ ပညာရှင်တချို့ကတွေးတယ်။ အိမ်ရာပြောင်းရွှေ့မှုများလွန်းတဲ့အတွက် နယ်မြေအသစ်မှာမိမိအိမ်နီးချင်းတွေအကြောင်းသိပ်မသိကြတော့ လူသတ်ကောင်တွေအတွက်အလွယ်တကူအခွင့်အရေးရတာကြောင့်လို့ဆိုသူတွေကဆိုပါတယ်။
၁၉၈၀-၉၀အတွင်း အမေရိကမှာလိင်တူချစ်သူတွေကိုသတ်ဖြတ်ပြီး အသားစားလေ့ရှိတဲ့ Jeffrey Dahmer (Cannibal Killer)၊ ၁၉၈၄-၈၅အတွင်း လူ ၁၄ယောက်သတ်ခဲ့တဲ့ Richard Ramirez (Night Stalker)၊ ၁၉၈၂-၈၄အတွင်း နိုင်ငံအနှံ့ခရီးသွားပြီး လူ ၂၀ကျော်သတ်ခဲ့တဲ့ Larry Eyler (Interstate Killer) တို့လိုထင်ရှားတဲ့ စိတ္တဇလူသတ်ကောင်တွေပေါ်ထွက်ခဲ့တယ်။ AHS ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့နာမည်ကျော်ပုဂ္ဂိုလ်တွေကို ဇာတ်ကောင်အဖြစ်ထည့်သွင်းရိုက်ကူးလေ့ရှိတာမို့ 1984 မှာ Richard Ramirez ဇာတ်ကောင်ပါဝင်လာပါတယ်။
AHS ရဲ့ရိုးရာအတိုင်း ထင်မထားတဲ့ဇာတ်လှည့်ကွက်တွေ၊ သွေးသံရဲရဲသတ်ဖြတ်မှုတွေ၊ လိင်အပျော်ကြူးခြင်း၊ ကလဲ့စားချေခြင်းတွေကိုလည်းကြည့်ရဦးမှာပါ။
where
ReplyDeletelinks are dead
ReplyDeleteLink are dead
ReplyDelete